စဉ့်ကိုင်မြို့နယ်စွန်ရဲ (အ.ထ.က)၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးပေး

စဉ့်ကိုင် ဖေဖော်ဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စွန်ရဲကျေးရွာအုပ်စုစွန်ရဲ အခြေခံ ပညာ အထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါးပိုး ရှိ/မရှိ RDT Test Kit (၄၁)ဦးကို စစ်ဆေးခဲ့ရာ (၉)ဦးတွင်ပိုးတွေ့ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးအောင်ကျော်သင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ စွန်ရဲ(အ.ထ.က) ကျောင်းမှ ဆရာ/ဆရာမ(၂၇)ဦး၊ ကျန်းမာရေးဝန်ထမ်း(၂)ဦး၊ လေယာဉ်ခရီးသည်(၆)ဦး၊ အချုပ်သား(၃)ဦး ၊ PUI လူနာ(၃)ဦး စုစုပေါင်း(၄၁)ဦးတို့အား RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၉)ဦးပိုးတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိခဲ့သူများအား စဉ့်ကိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ညိုညိုဝင်း