မင်းပြားမြို့၌ COVID-19ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ (Mask Campaign)ပြုလုပ်

မင်းပြား  ဖေဖော်ဝါရီ  ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွန်ချက်များနှင့်အညီ မင်းပြားမြို့နယ် ကြက်ခြေနီအသင်းက ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် မင်းပြားမြို့ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ဝန်ထမ်းများအား နှာခေါင်းစည်း Mask များကိုအခမဲ့ဖြန့်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှာခေါင်းစည်း(Mask) များဖြန့်ဝေရာတွင် မင်းပြားမြို့နယ်ကြက်ခြေနီအသင်းမှ ဦးစန်းယု ဦးဆောင်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ COVID-19 ရောဂါ နှင့်စပ်လျဉ်း၍ ဗီဇပွားမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ဗိုင်ရပ်စ် ရောဂါပိုး ကူးစက်ပြန့်နှံ့မှု ရက်ပိုင်းအတွင်း ပိုမိုများပြားလာကြောင်းတွေ့ရှိရသဖြင့် မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရန်နှင့် ကိုဗစ်-၁၉  ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းခြင်းများရရှိပြီး ဖြစ်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အညီနေထိုင် ကြရန်နှင့်ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေး အပြည့်အဝရရှိ စေရန်ကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိရာ မိဘပြည်သူများအနေဖြင့်လည်း  မပျက်မကွက်သတ် မှတ်နေရာများတွင် ထိုးနှံပေးကြရန် အသိပညာ ပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိရာ  ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များကို နေအိမ်အပြင် ထွက်တိုင်း တပ်ဆင်ကြရန်နှင့် လူစုလူဝေးရှောင်ရှားကြရန် အသိပညာပေးပြောကြားပြီး (Mask) နှာခေါင်းစည်းများကို မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူမည့် နိုင်ငံ့ဝန်ထမ်းများ အားအခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သိန်းနုအောင်