မာန်အောင် ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြောင်း အမျိုးမျိုးကြောင့် မထိုးနှံရသေးသူများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသော ဝန်ထမ်းများနှင့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်၁၀နာရီမှ ညနေ၃နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံဟောင်း ဆေးထိုးစုရပ်နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများနှင့်အညီ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်း ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးကာ ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)အကြာအနားယူပြီးမှ ထွက်ခွာ ခွင့်ပြုကာ ထိုးနှံပေးလျက်ရှိသည်။
မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အသက်(၅၀) နှစ်အထက်(၂)ကြိမ်ထိုးနှံပြီး (၆)လပြည့် ၍ ကာကွယ်ဆေး လာရောက်ထိုးနှံလာသူ (၈၈)ဦးနှင့် သတ္တမအသုတ်(ပထမ)အကြိမ် ထိုးနှံလာသူ(၂)ဦး ရှိကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)