ကော့မှူး ဖေဖော်ဝါရီ ၂၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ် အခွင့်အရေးလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲကို ယနေ့နံနက် ၁၀နာရီက မြို့သစ်ရပ်ကွက် မြို့နယ်စည်ပင်သာယာရေးရုံး၌ကျင်းပခဲ့သည်။
အဆိုပါလေလံပွဲတွင် ကော့မှူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်က လေလံစည်းမျဉ်းစည်းကမ်း များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကော့မှူးမြို့နယ်စည်ပင် သာယာရေးအဖွဲ့၏၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် အရပ်ရပ် အခွင့်အရေး လိုင်စင်(၁၇)ခုအား လေလံတင်ရောင်းချရန် ကြမ်းခင်းဈေး (၇၉၁)သိန်းငါးသောင်း ငါးထောင်ကျပ်ဖြစ်ပြီး ဈေးပြိုင် စနစ်ဖြင့် လေလံတင်ရောင်းချရငွေမှ (၁၀၃၈)သိန်း သုံးသောင်းကျပ် တိတိရရှိသောကြောင့် ယခုနှစ်တွင်(၂၄၇)သိန်းနှစ်သောင်း ငါးထောင်ကျပ် တိတိပိုမိုရရှိခဲ့ကြောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိဦးမိုးကျော်ထံ မှသိရသည်။
ကျော်သူရ