လားရှိုးမြို့တွင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး အသိပညာပေးခြင်း လုပ်ငန်းများအား ရပ်ကွက်များ၌ ဆောင်ရွက်လျက်ရှိ

လားရှိူး ဖေဖော်ဝါရီ ၂၃

လားရှိူးမြို့ လားရှိုးမိုတယ်ရှေ့နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တို့၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီမှ ဦးဆောင်ကာ ကိုဗစ်-၁၉ရောဂါ(အိုမီခရွန်)နှင့် ပတ်သက်ပြီး အသိပညာပေးခြင်းနှင့် mask များ အခမဲ့ဖြန့်ဝေပေးခြင်း ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ၊ ပရဟိတအဖွဲ့များ ပူးပေါင်းကာ လမ်းသွားလမ်းလာ ပြည်သူများကို ကိုဗစ်-၁၉ရောဂါ (အိုမီခရွန်)နှင့် ပတ်သက်ပြီး လိုက်နာရမည့်အချက်များ နေအိမ်ပြင်ပသွားလာပါက masks ကိုမဖြစ်မနေတပ်စေရေးအတွက် အသိပေး သတိပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် ယမန်နေ့ကလည်း masks (၂၅၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လားရှိုးမြို့ရှိ ရပ်ကွက်များအလိုက် ကိုဗစ်-၁၉ရောဂါ(အိုမီခရွန်)နှင့် ပတ်သက်ပြီး အသိပညာပေးခြင်း လုပ်ငန်းများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဦးစီးဌာနကလည်း နေ့စဉ်လှည့်လည်ကာ ဆောင်ရွက်နေ့သည့် အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အသင်းအဖွဲ့များ ပါဝင်လျက် နေ့စဉ် အချိန်များပိုင်းခြား သတ်မှတ်၍ ဆောင်ရွက်ပေးလျက် ရှိနေကြောင်း သိရှိရသည်။

ဟန်ဌေး