မရမ်းကုန်း ဖေဖော်ဝါရီ ၂၃
ရန်ကုန်အနောက်ပိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ သမိုင်းဝင်အပရာဇိတဆံတော် ရှင်ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး၏ (၁၅၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူများက ကုသိုလ်ယူဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်၌ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို (၂၇-၂-၂၀၂၂) ရက်နေ့နှင့် (၂၈-၂-၂၀၂၂) ရက်နေ့တို့တွင်လည်းကောင်း၊ ဘုရားအမှူးရှိသော သံဃာတော်အပါး(၂၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁-၃-၂၀၂၂ရက်နေ့တို့တွင် လည်းကောင်း ကျိုက်ဝိုင်းစေတီတော် မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးအောင်