နောင်ချို ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈) နှစ်ပြည့်ပြီးသူများနှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ပထအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၀၉:၀၀) နာရီအချိန်မှစ၍ နောင်ချိုမြို့ မြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံရန်ကျန်ရှိသူများအား ဖေဖော်ဝါရီလ တတိယပတ်မှစ၍ အပတ်စဉ် တစ်ပတ်လျှင် (၂) ရက် ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာ ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)