မိုင်းဆတ် ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အောင်မြင်သော (NGO)ဖွဲ့စည်းထူထောင်ခြင်း အခြေခံသင်တန်းကို ယနေ့ နံနက်(၉)နာရီက ဝိန်းဝိုင်ရပ်ကွက်ရှိ လားဟူယဉ်ကျေးမှုခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မာတေဆာလ် အဖွဲ့မှ စီမံကိန်းမန်နေဂျာ ဦးစိုင်းဝဏ္ဍသိန်းနှင့် သင်တန်းနည်းပြ ဒေါ်တင်တင်မော်တို့က လူမှုကူညီရေး လုပ်ငန်းများနှင့်စပ်လျဥ်း၍ အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းအား အဖြူရောင်လူငယ်အဖွဲ့မှ သင်တန်းသား၊ သင်တန်းသူ (၁၇)ဦးအား ရှေ့ဆောင်စွမ်းရည်မြှင့်တည် ဆောက်ရေးသင်တန်းစင်တာမှ နည်းပြ(၂)ဦးက (NGO)အဖွဲ့ တစ်ခု၏ လုပ်ငန်းများ၊ (NGO)၏ အခြေခံမူနှင့်တန်ဖိုးများ၊ မိမိအဖွဲ့ အတွက် ထိန်းကျောင်းမှု လုပ်ငန်းစဉ်များ၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များစသည့် သင်ခန်းစာများကို ဖေဖော်ဝါရီ(၂၃) ရက်နေ့မှ (၂၉)ရက်နေ့အထိ (၇)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်