ပင်လောင်း ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသည့် ဦးတည်အုပ်စုများကို ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Boostar Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံပြီးသူ ဌာနဆိုင် ရာဝန်ထမ်းများနှင့် ပညာရေးဌာန ဆရာ/ဆရာမ (၂၅၃)ဦးအား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Boostar Dose ထိုးနှံပေးခဲ့ကြောင်း၊ အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမဦးဌာနမှ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)