ခေါင်လန်ဖူးမြို့၌ တက္ကသိုလ်၀င်တန်းဖြေဆိုမည့်ကျောင်းသူကျောင်းသားများအား အာဟာရ အစားအစာများထောက်ပံ့ပေးအပ်

ခေါင်လန်ဖူး ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်၀င်တန်း ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၃၉)ဦးအား ဖေဖော်ဝါရီ(၂၁)ရက် နေ့တွင် ရှေ့တန်းအမှတ်(၄၆)ခြေ လျင်တပ်ရင်းမှ အာဟာရ အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်၀င်တန်းဖြေဆိုကြမည့် ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၃၉)ဦးအနက်(၅)ဦးတွင် ဖေဖော်ဝါရီ (၁၈)ရက်နေ့က ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကျန်(၃၄)ဦးတို့ကိုလည်း ကွာရန်တင်းတွင် ထားရှိကြောင်း သိရသည်။

ယင်းဗီဇပြောင်း အိုမီခရွန်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ကွာရန်တင်း၀င်ရောက်သည့် ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၃၉)ဦးတို့ကို ရှေ့တန်းအမှတ် (၄၆)ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးဘုန်းနိုင်နှင့် တာ၀န်ရှိသူများက ဆန်သုံးအိတ်၊ ခေါက်ဆွဲခြောက်(၁၀)ဖာ၊ကြက်ဥ အလုံး(၃၀၀)တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများ အာဟာရရရှိစေရေးအတွက် ညပိုင်းတွင် ရေစိမ်ခေါက်ဆွဲဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများအား ရှေ့တန်းအမှတ်(၄၆) ခြေလျင်တပ်ရင်းမှ ဆေးဗိုလ်များနှင့် ပြည်သူ့ဆေးရုံမှ ဆရာ၊ ဆရာမများ၏ ကျန်းမာ‌ရေး စောင့်ရှောက်ကုသမှုကြောင့် ရောဂါ အခြေအနေ ဆိုးရွားမှုမရှိကြောင်းနှင့် နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် တာ၀န်ရှိသူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်