ဒဂုံတောင် သြဂုတ် ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အစီအစဉ်ဖြင့် စျေးများ တွင် နှာခေါင်းစည်း(mask) တပ်ဆင်လာရေး ကွင်းဆင်း ဆောင်ရွက်နေမှုကို ယနေ့ နံနက် (၇)နာရီအချိန်က ပြုလုပ် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်မှုများကြောင့် မြို့နယ်အတွင်း လူစုဝေးတတ်သည့် စျေးများတွင် နှာခေါင်း စည်း တပ်ဆင်လာကြ သော ကြောင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ကျန်းမာ ရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက် ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်(၈) ဦးသူရအောင်၊ ခရိုင်စည်ပင် တာဝန်ရှိ သူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ် ရေးမှူးနှင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေး အသင်း တို့မှ ပူးပေါင်း၍ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် အတွင်းရှိ အမှတ်(၂၅)ရပ်ကွက် အမှတ်(၁)စျေး၊ အမှတ်(၂၀)ရပ်ကွက် အမှတ်(၂)စျေး၊ အမှတ် (၅၇) ရပ်ကွက် ဒဂုံသီရိစျေး၊ အမှတ်(၇၁)ရပ်ကွက် ဗဟိုစည်စျေး၊ (၁၀၆)စျေး၊ (၁၀၅)စျေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဝတ်ဆင်သွားလာရေးတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)