မောက်မယ် ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်နိုင်ရန် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများနှင့် ပထမအကြိမ် ထိုးနှံပြီးပြည်သူများအား (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန် မြို့ပေါ်ရပ်ကွက်များတွင် COVID-19 ရောဂါ ကာကွယ်ဆေး (Sinophram) ကိုစျေးတန်းရပ်ကွက်ရှိ သီရိမင်္ဂလာမြို့ လယ်ဓမ္မာရုံ ကာကွယ်ဆေးထိုးစုရပ်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး COVID-19 ရောဂါကာကွယ်ဆေးကို တရုတ်နိုင်ငံထုတ် (Sinophram) အမျိုးအစား ကာကွယ်ဆေးအား ဆေးတစ်လုံးလျှင် လူငါးယောက်နှုန်းဖြင့် မောက်မယ်မြို့ပေါ်ရပ်ကွက်အတွင်း ယနေ့တွင် ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူများနှင့် ဒုတိယအကြိမ် ထပ်မံဆက်လက်ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းဆေးထိုးရမည့်သူပေါင်း ၂၅၃၂၁ ဦးအနက် ပထမအကြိမ်ထိုးနှံပြီးသူပေါင်း ၁၄၅၃၅ဦး၊ ဒုတိယအကြိမ် အကြိမ်ပြည့် ထိုးနှံပြီးသူပေါင်း ၁၂၃၉၀ ဦး ကာကွယ် ဆေးထိုးနှံပြီးစီးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)