ကွန်ဟိန်းမြို့၌ (COVID-19)ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်

ကွန်ဟိန်း  ဩဂုတ်၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လတ်တလောဖြစ်ပွားနေသည့်(COVID-19) ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများ  နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းအား နေ့စဉ်၊ နံနက်(၈)နာရီ အချိန်မှ စ၍ ကွန်ဟိန်း တံတားစစ်ဆေးရေးဂိတ်၌ ပုံမှန်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါဆောင်ရွက်မှုတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန် ထားသည့် ကြေငြာချက်များကို လိုက်နာဆောင် ရွက်မှုရှိစေရန်၊ မြို့နယ် အတွင်းသို့ ဝင်ရောက် လာသည့်  မော်တော်ယာဉ်များ ၊မြို့နယ်အတွင်း သွားလာနေသည့် မော်တော်ယဉ်များ၊ ဆိုင်ကယ်များ၊ ဒေသခံ ပြည်သူများအား နှာခေါင်းစည်း Mask တပ်ဆင်စေရန်၊ တပ်ဆင်လာခြင်း မရှိပါက ဒဏ်ငွေ ငါးရာကျပ်အား ပေးဆောင်စေ၍ Mask တစ်ခုဖြင့် လဲလှယ်ပေး၍ ချက်ခြင်းတပ်ဆင်စေခြင်း ၊အသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်မှုအား မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးဌာန ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊  ပရဟိတအသင်းများမှ ပူးပေါင်း၍ နေ့စဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထွေးထွေးခိုင် မြို့နယ်(ပြန်/ဆက်)