တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် Mask Campaign  ဆောင်ရွက်

တန့်ယန်း  ဖေဖော်ဝါရီ  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်) ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ပါးစပ်/နှာခေါင်းစည်း Face Mask များ အခမဲ့ဖြန့်ဝေပေးခြင်း Mask Campaign ကို ယနေ့နံနက်ပိုင်းက အမှတ်(၂) ရပ်ကွက် ရုံးရှေ့လမ်းဆုံနှင့် မြို့နယ်စည်ပင်သာယာစျေးရှေ့တို့တွင် ဆောင်ရွက်ကြသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ခြင်းတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်) ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ပါးစပ်/နှာခေါင်းစည်း Face Mask အခမဲ့ဖြန့်ဝေခြင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင် ဦးစီးလျက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများပူးပေါင်းကာ Mask (၂၀၀၀)ခုကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)