မိုးမိတ် ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ကမ္ဘာမြေကြီးကျန်းမာဖို့ ပလပ်စတစ် (ကြွပ်ကြွပ်အိတ်)ကို ငြင်းပယ်စို့ ဟူသော လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ကုန်စိမ်းနှင့် သားငါးယာယီဈေးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးတင်ရှိန်နှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ပလပ်စတစ်နှင့်ဆက်စပ်အမှိုက်များ၏ ဆိုးကျိုးများ၊ စွန့်ပစ်အမှိုက်အမျိုးအစားများ၊ သာမန်အမှိုက်များနှင့် ပလပ်စတစ်အမှိုက်များ ဆွေးမြေ့ပျက်စီးဖို့ အချိန်ဘယ်လောက်ကြာမလဲနှင့် အမှိုက်အမျိုးအစား ဆွေးမြည့်ပျက်စီးရန်ကြာချိန်၊ 5R စနစ်ဖြင့် စွန့်ပစ်ပစ္စည်းများ လျော့ချခြင်း၊ Reuse (အမှိုက်များကို ပြန်လည်အသုံပြုခြင်း)၊ အမှိုက်များကို တီထွင်ပြုပင်သုံးစွဲခြင်း စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)