ကျိုင်းတောင်း ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် (၄၀)ကြိမ်မြောက် စာပြန်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က တုန်ဟုန်းဘုန်းတော်ကြီးကျောင်း ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးရာ၌ ကျိုင်းတောင်းမြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင်ဆရာတော်များက သြဝါဒမိန့်ကြားပြီး စာပြန်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများတို့က ကျောင်းထိုင်ဆရာတော်များနှင့် ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း၊ ဆက်လက်၍ ကော်မ တီများဖွဲ့စည်းခြင်း၊ အာရုံဆွမ်းနှင့် နေ့ဆွမ်းစသည်တို့ကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ကျိုင်းတောင်းမြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင်ဆရာတော်များ၊ သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ရပ်ကွက်အတွင်းရှိ အလှူရှင်းများက တက်ရောက်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)