ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်‌ပေါင်းစုံမြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့ အမှတ်‌ခတ်ပြိုင်ပွဲ သာ‌ကေတမြို့နယ်အသင်း ပထမဆုဆွတ်ခူး

ရန်ကုန် ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်‌ပေါင်းစုံမြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့ အမှတ်‌ခတ် ဗိုလ်လုပွဲပြိုင်ပွဲကို ယ‌နေ့မွန်လွဲ ၃ နာရီက ရန်ကုန်မြို့ သု၀ဏ္ဏပိုက်ကျော်ခြင်း အားကစားရုံ၌ ကျင်းပသည်။

တတိယ‌​နေရာလုပွဲတွင်‌ မြောက်ဥက္ကလာမြို့နယ်အသင်းက ‌ရွှေပြည်သာအသင်းကို ၆၀၃ ရမှတ်၊ ၈၅၆ ရမှတ်ဖြင့်‌ မြောက်ဥက္ကလာမြို့နယ်အသင်း အနိုင်ရရှိသွားပြီး ဗိုလ်လုပွဲတွင် သာ‌ကေတ မြို့နယ်အသင်းက အင်းစိန်မြို့နယ်အသင်းကို ၉၂၂ ရမှတ်၊ ၁၁၂၃ ရမှတ်ဖြင့် သာ‌ကေတမြို့နယ် အသင်း အနိုင်ရရှိသွားသည်။

ပြိုင်ပွဲသို့ တိုင်း‌ဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ခြင်းလုံးဆပ်‌ကော်မတီဥက္ကဋ္ဌ ဦးဝင်းတင့်၊ တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး ဦး‌အောင်မိုး၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများနှင့် အမှု‌ဆောင်များ၊ ရိုးရာခြင်းလုံး အားကစားဝါသနာရှင်များ ကြည့်ရှုအား‌ပေးကြသည်။

ပြိုင်ပွဲအပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်က နှစ်သိမ့်ဆုရ မှော်ဘီမြို့နယ်အသင်း၊ ရွှေပြည်သာ မြို့နယ်အသင်းနှင့် အ‌ကောင်းဆုံး အားကစားသမားဆုရ သာ‌ကေတမြို့နယ်အသင်းမှ ဇင်လင်းထက်တို့အား ဆုတံဆိပ်နှင့်‌ ငွေသားဆုများကို လည်း‌ကောင်း၊ တတိယရ‌ မြောက်ဥက္ကလာမြို့နယ်အသင်းအား စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးကလည်း‌ကောင်း၊ ဒုတိယဆုရ အင်းစိန်မြို့နယ်အသင်းအား တိုင်းဒေသကြီး စည်ပင်သာယာ‌ရေးဝန်ကြီး၊ မြို့‌တော်ဝန် ဦးဗိုလ်‌ဌေးကလည်း‌ကောင်း ဆုတံဆိပ်နှင့်‌​ ငွေသားဆုများ‌ ချီးမြှင့်ကြသည်။

ထို့‌နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပထမဆုရ သာ‌ကေတမြို့နယ် အသင်းအား‌ ငွေသားဆုနှင့် ဆုဖလား‌ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းပြိုင်ပွဲကို‌ ဖေဖော်ဝါရီ ၁၈ရက်မှ ၂၀ရက်အထိ ကျင်းပခဲ့ပြီး မြို့နယ်‌ ၃၁မြို့နယ်မှ အားကစားသမား ၃၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

​အောင်မြင့်(ပြန်/ဆက်)