ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနတွင် Township TB Evaluation and Cohort Meeting ဆောင်ရွက်

ကြည့်မြင်တိုင်  ဩဂုတ်  ၂၈

တီဘီ​ရောဂါ ရှာ​ဖွေကုသမှုနှင့် တီဘီ​ဆေး​သောက်သူများအား ရည်မှန်းချက်ပြည့်မီစေရန် ရည်ရွယ်၍ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင် မြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနတွင် ယမန်​နေ့ နံနက် ၁၀ နာရီ အချိန်က  Township TB Evaluation and Cohort Meeting ဆောင်ရွက်ခဲ့​ကြောင်း သိရှိရသည်။

ထိုသို့​ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှူး ဒေါက်တာခင်​မောင်လွင်၊ ဂျပန်တီဘီရောဂါ တိုက်ဖျက်​ရေးအသင်း အကြီးတန်းအတိုင်ပင်ခံ ဒေါက်တာ​စောသိန်းတိုမှ ပါဝင်​ဆွေးနွေးကြပြီး မြို့နယ်ပြည်သူ့ကျန်းမာ​ရေး ဦးစီးဌာနမှ ဆရာမများက မိမိတို့တာဝန် ယူထားသည့် ရပ်ကွက်များအတွင်း ဆောင်ရွက်မှုနှင့်ပက်သက်၍ ရှင်းလင်း​ ဆွေး​နွေးခဲ့​ကြောင်း သိရသည်။ အဆိုပါ Township TB Evaluation and Cohort Meeting ဆောင်ရွက်ခြင်းသည် ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အချက်အလက် များအား ဆွေး​နွေးခြင်းဖြစ်​ကြောင်း သိရှိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)