မန္တလေး ဖေဖော်ဝါရီ ၂၁
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမက (မူလွန်)-၂၀ ကျောင်းတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အသိ ပညာပေးဆွေးနွေးပွဲ (Talk Show)ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)ခန်းမတွင် ယနေ့နံနက်၁၀နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်း၊ အ.မ.က မူလွန်-၂၀ ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းနွယ် ၊ အလယ်တန်းပြဆရာမ ဒေါ်သွယ်သွယ်နှင်း၊ မူလတန်းပြဆရာမဒေါ်သန္တာစိုးတို့က ဦးဆောင် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲ၌ ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းသား/ ကျောင်းသူများအတွက် ရရှိသည့်အကျိုးကျေးဇူးများ၊ စာသင်ချိန်မပျက် စာပေလေ့လာဖတ်ရှုချိန် သတ်မှတ်ပေးထားမှုများ၊ ကလေးစာဖတ်ခန်းတွင် ကလေးများအတွက် အသက်အရွယ်အလိုက် စာအုပ်စာပေထားရှိပေးမှုများ ၊ စာပေဖတ်ရှုရင်း ဆေးရောင်ခြယ်၊ ပုံပြော၊ ဂိမ်းကစားခြင်းစသည့် လှုပ်ရှားမှုများကို အပတ်စဉ် စီစဉ်ဆောင်ရွက်ပေးထားမှုများစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)