ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပန်းဘဲတန်း ဩဂုတ် ၂၈

ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်သူ ပြည်သူများ အဆင်ပြေချောမွေ့ စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် အသိပညာ ပေး‌လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့နယ်စည်ပင်မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဇေယျာဟိန်း နှင့် ဝန်ထမ်းများ က သိမ်ကြီးဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများက ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန် ချက် များနှင့်အညီ နှာခေါင်းစည်းများ စနစ် တကျတပ်ဆင်ကြရန်၊ မကြာခဏ လက်ကို စက္ကန့်(၂၀)ကြာ ဆေးကြောပေးရန်၊ ကလေး ငယ်များအား ဈေးအတွင်း ခေါ်ဆောင်လာခြင်း မပြုရန်အတွက် အသိပေးနှိုးဆော်ခြင်း၊ မြို့နယ်အတွင်း ကားဖြင့် လှည့်လည် နှိုးဆော် ပေးခြင်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်စည်ပင်ကော်မတီမှ အတွင်းရေးမှူး၊ အုပ်ချုပ်ရေးမှူး ဦးလင်းဇော်စိုး ထံမှ သိရှိရသည်။

နေခြည်(ပြန်/ဆက်)