မရမ်းကုန်း သြဂုတ် ၂၈
ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးနှင့် ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်းများ ဝေငှခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ယမန်နေ့နံနက် ၈:၀၀နာရီ အချိန်က မရမ်းကုန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စျေးများ၊ ကားမှတ်တိုင် များနှင့် လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အထွထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ ကော်မတီတို့က နှာခေါင်းစည်းများ တပ်ဆင်ရေး အသိပညာပေးခြင်းများနှင့်အတူ မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရန် အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ခန့် ဆေးကြရန်၊ လူထူထပ်သောနေရာများသို့ သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ တစ်ဦးနှင့်တစ်ဦးခြောက်ပေ အကွာမှ ပြောဆို ဆက်ဆံကြ ရန် စသည့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)