ပန်းဘဲတန်း သြဂုတ် ၂၈
ပန်းဘဲတန်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးခြင်း နှိုးဆော်ချက်များအား ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လှည့်လည် ကြေညာပေးခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ကြေညာရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ပြင်ပထွက်ခွာရာတွင် Mask များ တပ်ဆင် သွားလာ ကြရန်၊ ပြည်ပမှ ဝင်ရောက်လာသူများ၊ ရခိုင်ပြည်နယ်ရှိ stay at home အကျုံးဝင် ဒေသများမှ လာရောက်သူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ချက်ချင်း သတင်းပို့ကြရန်၊ ပြည်ပမှဝင်ရောက်လာသူ များရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ကြရန်နှင့် ဒေသန္တရအမိန့်များကို မလိုက်နာပါက တည်ဆဲဥပဒေများဖြင့် အရေးယူခံရ မည် ဖြစ်ကြောင်း Hand Speaker များဖြင့် ပြည်သူအများ သိရှိနိုင်ရန် ရပ်ကွက်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက ရပ်ကွက်အတွင်း နေ့စဉ်လှည့်လည်ကြေညာ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
နေခြည်(ပြန်/ဆက်)