လမ်းမတော်မြို့နယ် UMFCCI တွင် ဒုတိယအကြိမ်မြောက် COVID -19 ချေးငွေ လျင်မြန်စွာ ထုတ်ချေး ပေးနိုင်ရေး ဆွေးနွေး

လမ်းမတော် ဩဂုတ်  ၂၈

လမ်းမတော်မြို့နယ် UMFCCI တွင် ဒုတိယအကြိမ်မြောက် COVID-19 ချေးငွေ လျင်မြန်စွာ ထုတ်ချေးပေးနိုင်ရေးအတွက်COVID- 19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေး လုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ခေါင်းဆောင် ဦးရဲမင်းဦးနှင့် အသင်းချုပ် တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းတွင် တွေ့ဆုံခဲ့သည်။

အစည်းအဝေးတွင် ဒုတိယအကြိမ်မြောက် COVID-19 ချေးငွေ ထုတ်ချေးပေးနိုင်ရေးအတွက် ချေးငွေစိစစ်မှု ဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ ချေးငွေထုတ်ပေးရာတွင် စနစ်တကျစိစစ်၍ ချေးငွေများ လျင်မြန်စွာ ထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေး ဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ အခြားလုပ်ငန်းကဏ္ဍများသို့ပါ တိုးချဲ့၍ချေးငွေ ထုတ်ချေးပေး နိုင်မှု အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦး​ဝေဖြိုး၊ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် ဦးအေးထွန်းတို့ တက်ရောက် ဆွေးနွေးခဲ့သည်။

လက်ရှိတွင် COVID -19 ချေးငွေလျှောက်လွှာ စိစစ်ရေးအဖွဲ့များသည် ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၁၀ ရက်နေ့အထိ အသင်းချုပ် ရုံး၊ Online နှင့် ပြည်နယ်၊ တိုင်းဒေသကြီး CCI များမှ တဆင့်လျှောက်ထားခဲ့သော ချေးငွေလျှောက်လွှာပေါင်း (၁၀,၀၀၀)ကျော်ကို အမြန်ဆုံး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်