မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့များပူးပေါင်း၍ ကျောက်ပန်းတောင်း-မိတ္ထီလာမြို့အဝင် တိုးဂိတ်တွင် Mask Campaign ပြလုပ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ပန်းတောင်း  ဩဂုတ်  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မြို့နယ်မှူးရုံး/မြို့မရဲစခန်းနှင့် အမှတ် (၉၃) ယာဉ်ထိန်းတပ်ဖွဲ့စိတ်တို့ပူးပေါင်း ၍ ယမန်နေ့ညနေ (၄) နာရီမှ ညနေ (၆) နာရီအထိ Mask Campaign ပြုလုပ်ခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ကျောက်ပန်းတောင်းမြို့အဝင် မြတ်နိုးသူတိုးဂိတ်တွင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလှိုင်ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် (၁၀) ဦးနှင့် အမှတ် (၉၃) ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲအုပ်သျှန်အောင်ဦးစီးသည့် တပ်ဖွဲ့တွင်(၄)ဦး စုစုပေါင်း(၁၅)ဦးဖြင့် ကျောက်ပန်းတောင်း-မိထီ္ထလာလမ်းရှိ မြတ်နိုးသူတိုးဂိတ်မှနေ၍ မြို့အဝင်/အထွက်ကားများတွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည်များအနေဖြင့် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask)များကို မဖြစ်မနေတပ်ဆင်သွားလာကြရန် ပညာပေးခြင်းနှင့် Mask မပါသည့်ခရီးသည်များ၊ ယာဉ်မောင်း/ယာဉ်လိုက်များကို Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး၊ မော်တော်ယာဉ်မောင်းနှင်သူများ ယာဉ်မောင်းချိန်တွင် မဖြစ်မနေခါးပတ်ပတ်ကြရန်နှင့် မော်တော်ဆိုင်ကယ်စီးနင်းသူများလည်း နေ/ညမရွေး ရှေ့မီးအနိမ့်ဖွင့်၍မောင်းနှင်ကြရန် အသိပညာပေးခြင်းနှင့် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)