ကျောက်ဆည် ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၉)နာရီခွဲက ကိုဗစ်-၁၉ရောဂါ သက်သာပျောက်ကင်း၍ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံမှဆင်းခွင့် ရရှိသူ (၅၉၄)ဦးနှင့် ဆေးဝါးကုသမှုခံယူနေသူ(၇)ဦးရှိကြောင်း ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၇၁၀)ဦး၊ ရောဂါသက်သာပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှပြန်လည်ဆင်းခွင့်ရရှိသူ (၅၉၄) ဦး ရှိပြီဖြစ်ပြီး ဆေးဝါးကုသူမှု ခံယူနေသူ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၅)ဦး စုစုပေါင်း(၇)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်သူများ အဆင် ပြေစေရေး ပြည်လုံးနိုင်ရပ်ကွက် မြို့တော်ခန်းမနှင့် မင်းစု၊ သံရွာ၊ စမာ၊ ဒွေးလှ၊ ရဲရွာ၊ ဖျောက်ဆိပ်ပင် ကျေးရွာများမှ ကျေးလက် ကျန်းမာရေးဌာနခွဲများတွင် ထိုးနှံပေးလျက်ရှိသည့်အပြင် ရောဂါ ကာကွယ်ရေး နည်းလမ်းများ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေး ရပ်ကွက်/ကျေးရွာ များတွင် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကာ ရောဂါပိုး တွေ့ရှိသူများအား ကျောက်ဆည်မြို့ထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျ စောင့်ကြည့်ကုသပေးလျက် ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)