နမ့်ဆန် ဖေဖော်ဝါရီလ ၁၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် စည်ပင်သာယာရေး ကော်မတီက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် ရောင်းချနိုင်ရေးအတွက် အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့ရုံး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နမ့်ဆန်မြို့နယ် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးကျော်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လေလံစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိသည်များကို မေးမြန်း ဆွေးနွေးခဲ့သည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အရပ်ရပ် အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် တက်ရောက်လာသည့် လုပ်ငန်းရှင်များ အား လေလံတင်ရောင်းချရာ အသားလိုင်စင် (၂)ခု၊ ဈေးကောက်လိုင်စင် (၁)ခု စုစုပေါင်း (၃)ခုအား ပထမအကြိမ် လေလံတင် ရောင်းချ ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ