အလုံ သြဂုတ် ၂၈
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ခြင်းကို ကိုဗစ်-၁၉ ကာလ အတွင်း ကိုယ်ဝန် ဆောင်မိခင်တိုင်းအတွက် တစ်ကြိမ် တည်း ၃၀၀၀ဝိ/- (သုံးသောင်းကျပ်တိတိ)ကို ထောက်ပံ့ပေးသွား မည်ဖြစ်သည်။
ထိုသို့ထောက်ပံ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ငွေဗိုက် (Ngwe Bike) Application ကို Download ပြုလုပ်၍ စာရင်း ပေးသွင်း ရမည်ဖြစ်ရာ ကိုယ်ဝန်ဆောင်မိခင်များကို ကိုဗစ်ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်(၉)ခုသာရရှိပြီး ကျန်တိုင်း ဒေသကြီး ပြည်နယ်များတွင် MCCT မှ တစ်ဆင့်ထောက်ပံ့လျက်ရှိသည်။
ထိုသို့ စာရင်းပေးသွင်းရာတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ အားလုံးအနေဖြင့် ထောက်ပံ့ ပေးမှုတွင် ကျန်ရှိမှုများ မဖြစ်စေရန်အတွက် အဆိုပါ Application တွင် စာရင်းမသွင်း ရသေးသူများအား မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့ အထိ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ထို့သို့ လာရောက် စာရင်းပေးသွင်းရာတွင် ကိုယ်ဝန်ဆောင် မှတ်တမ်း စာအုပ်(သို့) ကိုယ်ဝန်အပ်သည့်အခါ ထုတ်ပေးလိုက်သည့် ဆေးမှတ်တမ်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် လက်ကိုင်ဖုန်း များကိုပါ အတူတကွ ယူဆောင်လာကြရန် သက်ဆိုင်ရာရပ်ကွက်များမှ နှိုးဆော်ကြေညာပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါထောက်ပံ့ခြင်းတွင် လက်ရှိကိုယ်ဝန်ဆောင်မိခင်များနှင့် သြဂုတ်လ(၁)ရက်နေ့ နောက်ပိုင်းမွေးဖွားသူ မိခင်များပါ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
တင်တင်ချို ပြန်/ဆက်