မောင်တော ဖေဖော်ဝါရီ ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် နေအိမ်ရှိ မိသားစုဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ခြင်းနှင့် Quarantine Center များ ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကရုဏာကွန်ရက် လူမှုကူညီရေးအသင်း၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သော (၄)မိုင်ရပ်ကွက်ရှိ Quarantine ထားရှိသည့် မိသားစုဝင်များအား ဆန်၊ ဆီ၊ ကြက်ဥ စသည့် စားနပ်ရိက္ခာများကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များသည် Quarantine ထားရှိမည့် ကညင်တန်းရပ်ကွက်ရှိ အဆောက်အဦနှင့် လူနာ ၅၀ ခန့် ထားရှိမည့်မြို့နယ် အားကစားခန်းမ ကုသရေး Center တို့တွင် ရေ၊ မီး၊ ကုတင် စသည့်တို့ အဆင်ပြေစေရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်/ ကျေးရွာများတွင်လည်း အသိပညာပေး လုပ်ငန်းများ နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး