ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသ

ရှမ်းရွာသစ်     ဖေဖော်ဝါရီ   ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နေ့ထူးနေ့မြတ်နေ့များနှင့် အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးချက်ရှိရာ ယနေ့နံနက်ပိုင်းက ရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာများ ထည့်သွင်းဖော်ပြထားပြီး ဒေသခံပြည်သူများ လူငယ်လူရွယ်များ၊ ကလေးသူငယ်များက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)