စစ်တွေ ဖေဖော်ဝါရီ ၁၉
စစ်တွေမြို့နယ်အတွင်း အိုမီခရွန်(Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ ကူးစက်ပြန့် ပွားမှုမရှိ စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မြို့မဈေးအဝင်အထွက်နေရာများ၊ လမ်းဆုံများနှင့် လူစည်ကားနေရာများ၌ ပြုလုပ်ကြ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း ဦးဆောင်ပြီး ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကြည်လွင်နှင့် ဝန်ထမ်းများ၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးနှင့်ဝန်ထမ်းများက ဈေးရောင်း၊ ဈေးဝယ်များ၊ ခရီးသွား ပြည်သူများ၊ အငှားယာဉ်မောင်းများနှင့် ဈေးတွင်း အလုပ်သမားများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကူးစက်မှုများအား အသိပညာပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အလားတူ စစ်တွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင် ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင် များက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်နှင့် အပြင်သို့ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ တပ်ဆင်ကြရန် လှည့်လည်အသိပေးနှိုး ဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
တင်ထွန်း (ပြန်/ဆက်)