မိုင်းယောင်း ဖေဖော်ဝါရီ ၁၉
ကျေးလက်နေပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၄ နာရီ လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့နံ နက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းအပါအဝင် အိမ်ခြေ ၂၉ အိမ်ကို အကျိုးပြုသော ၂၄ နာရီ လျှပ်စစ်မီးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနီစိုးကျော်နှင့် မိုင်းယောင်း-မိုင်းယု (၂၄)နာရီမီးလင်းရေးကုမ္ပဏီမှ ဦးစိုင်းဝင်းတင်တို့က လျှပ်စစ်ဖြန့်ဖြူးပေးမည့် ထရန်စဖော်မာကို ဖွင့်လှစ်ပေးပြီး အမွေးနံ့သာရေဖြင့် ပက်ဖျန်းပေးခဲ့သည်။
အဆိုပါလျှပ်စစ်မီးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ၆၄ ဒသမ ၅ သန်းဖြင့် မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် မိုင်းယောင်း-မိုင်းယု (၂၄)နာရီ မီးလင်းရေးကုမ္ပဏီတို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၄ နာရီ လျှပ်စစ်မီးရရှိလာခြင်းကြောင့် ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူမှုရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း