လှည်းကူး ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊လှည်းကူးမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် မြန်မာရိုးရာခြင်းလုံးခတ် အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့ရိုးရာခြင်းလုံးခတ် အခြေခံသင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချူပ် ဉက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို ယမန်နေ့နံနက် (၉:ဝဝ)နာရီ အချိန်က လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၇/၂၀၂၀) သင်တန်း၊ သင်တန်းသား/သူများအနက် သင်တန်းသား(၁၂)ဦးက မြန်မာ့နိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချူပ်၏ အခြေခံအထိ (၆)ချက်နှင့် ဂွင်ချိူလေ့ကျင်သရုပ်ပြခြင်း၊ ခေတ်တစ်ရာသက်ထွန်းအောင်မှ တစ်ကိုယ်တော်စွမ်းရည်ပြပွဲ တင်ဆက်ပြသခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာ့နိုင်ငံခြင်းလုံးအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးသက်လွင်၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမ၊ သင်တန်းသား/သူများ စုစုပေါင်း (၁၇၃)ဦး တက်ရောက်ကြောင်း သိရသည်။
သန်းသန်းစိုး