ဂွ ဖေဖော်ဝါရီ ၁၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့နယ်တွင်( Covidshield - ပထမအကြိမ် နှင့် ဒုတိယအကြိမ်) ထိုးနှံပြီး ၆လပြည့်ပြီးသူများဖြစ်သည့် အသက် ၆၅ နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စု-၁၃ မျိုးတွင်ပါသော ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများအား တတိယအကြိမ် ( Boster dose ) အဖြစ် Covaxin ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့တွင် စုရပ်(၃)ခုတို့၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများသည် တတိယအကြိမ် (Boster dose) အဖြစ် Covaxin ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့က ပြည်သူ (၁၀၆၀)ဦးအား လည်းကောင်း၊ ယနေ့တွင် ပြည်သူ (၃၅၀)ဦးအား လည်းကောင်း ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်