ကမာရွတ်မြို့နယ်တွင် Mobile ဈေးကားနှင့် သားငါးများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

ရန်ကုန်   ‌​ဖေ​ဖော်ဝါရီ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီ တိရစ္ဆာန်​ဆေးကုနှင့် သားသတ်ရုံများဌာန၊​ စျေးများဌာနနှင့် သန့်ရှင်း​ရေဌာနတို့မှ ဦးစီး၍ ပြည်သူများဈေးနှုန်းသက်သာစွာ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ အမှတ်(၆)ရပ်ကွက်မြို့နယ် စည်ပင်ရဲစခန်းဝင်း၊ အမှတ် (၇) ရပ်ကွက်၊ ပြည်ရိပ်မွန်ဝန်ထမ်းအိမ်ရာ၊ အမှတ်(၈)ရပ်ကွက် မြန်မာအသံအိမ်ရာဝင်းတို့တွင် မြို့နယ် စည်ပင်သာယာ​ရေး​ကော်မတီ တိရစ္ဆာန်​ဆေးကုနှင့် သားသတ်ရုံများဌာနမှ ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများကိုလည်​ကောင်း၊​ စျေးများဌာန (​ရွှေပိ​တောက်​စျေး) သက်သာအ​ရောင်းဆိုင်မှ​ရေထွက်ပစ္စည်း ငါးနှင့် ပုဇွန်များကိုလည်​ကောင်း၊ ပတ်ဝန်းကျင်သန့်ရှင်​ရေးဌာနမှ ကုန်စိမ်းနှင့်ကုန်​ခြောက်အမျိုးမျိုးကို​စျေးနှုန်းချိုသာစွာဖြင့် ချပေးလျက်ရှိရာ ကြက်တစ်ပိသာလျှင် (၅၀၀၀)ကျပ်၊ အမဲသားတစ်ပိသာ (၁၃၀၀၀)ကျပ်၊ ဝက်သားတစ်ပိသာ (၁၀၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိသာ (၂၀၀၀၀)ကျပ်၊ ကြက်ဥ(၁၀)လုံးပါတစ်ကဒ် (၁၃၀၀)ကျပ်၊ ဆန်​ချော(၅)ပြည်ပါ တစ်အိတ် (၈၅၀၀)ကျပ်၊ ဆန်ကြမ်း (၅)ပြည်ပါတစ်အိတ် (၅၀၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သားတစ်ဘူး (၁၈၅၀)ကျပ်ဖြင့် ​စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်ပြီးမြို့နယ် စည်ပင် သာယာရေး ကော်မတီအဖွဲ့များမှ ပူးပေါင်း၍ပြည်သူများ အဆင်ပြေဝယ်ယူနိုင်ရေး ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

စိမ်းလဲ့ (ပြန်/ဆက်)