ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ dead body အိတ်များပေးအပ်လှူဒါန်း

ရန်ကုန်  ဖေဖော်ဝါရီ  ၁၈

ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ dead body အိတ်များ ပေးအပ်လှူဒါန်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုး မော်တော်ယာဉ်အဖွဲ့သားများ စုပေါင်းဖွဲ့စည်းထားသော တောင်တန်းမေတ္တာပရဟိတ လူမှူကူညီရေးအသင်းမှ ဒေသခံပြည်သူများအား ကူညီမှုများ ပေးရာတွင်လိုအပ်လျက်ရှိသော dead body အိတ်များကို ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ စီစဉ်၍ dead body ထည့်သည့်အိတ် ၃၀ အား အဆိုပါ တောင်တန်း မေတ္တာပရဟိတ လှုမှုကူညီရေးအသင်း ရန်ကုန်သို့ ရောက်ရှိစဉ် ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒု ဥက္ကဋ္ဌနှင့် မြို့နယ်တပ်ဖွဲ့မှ တပ်ခွဲမှူးတို့နှစ်ဦးတို့က အဖွဲ့ကိုယ်စား သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)