သံဖြူဇရပ်​မြို့၌ ရော်ဘာအစေးခြစ်နည်း သင်တန်းဖွင့်လှစ်

သံဖြူဇရပ် ဖေဖော်ဝါရီ ၁၈

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်၌ ရော်ဘာအစေးခြစ်နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဆင်တောင်ကျေးရွာ ဒေါ်ချိုမော်စန်း၏ ရော်ဘာခြံဝင်းအတွင်း၌ ပြုလုပ်သည်။

ရှေဦးစွာ   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဇော်ဝင်းက  ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင် အခွင့် အလမ်းနည်းပါးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေဦးစီးဌာနမှ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာအတွင်းရှိ တောင်သူ ၂၀ ဦးကို သင်တန်းပို့ချပေးပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ ၂၀ ရက်နေအထိ()ရက် တာကာလအတွင်းနေ့စဉ်နံနက် ၁၀ နာရီမှ ညနေ နာရီအထိ  ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)