ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ချမ်းမြသာစည်  ဇန်နဝါရီ   ၁၈

စာရေးဆရာ အကြီးကိုကို(ကသာ)၏ "သားနဲ့သမီး အတွက်ဖေဖေ့  နှလုံးသွေး စက်"စာအုပ် စာဖတ်ဝိုင်းကို  ယနေ့ နံနက် ၁၀ နာရီက မန္တလေး ခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ချမ်းမြသာစည်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းကစာအုပ်စာပေများကို  ဖတ်ရှု လေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍  စာပေချစ်မြတ်နိုးသူများ၊ စာပေ ဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားပြီးနောက် စာအုပ်တွင်ပါဝင်သည့် ဘ၀အောင်မြင်ဖို့ အတွက်သော့ချက် ခေါင်းစဉ်ကို ဦးဆောင် ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ရုပ်သံကျွမ်းကျင်(၃)ဒေါ်မြင့်‌ ကေသွယ်ခိုင်က လောကကို အလှဆင်တတ်ပါစေ‌ ခေါင်းစဉ်ကိုလည်းကောင်း စာပေဝါသနာရှင် ဦးမင်းထွန်းက ဘယ်အချိန်အပျော်ဆုံးလဲခေါင်းစဉ်ကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၃)ဒေါ်ခင်မာဦးက လူတော်တွေနဲ့ စကား ပြောပါ ခေါင်းစဉ်ကို လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုး သူများ နှင့်ပူးပေါင်း၍ အများပြည်သူများဖတ်ရှု လေ့လာသင့်သည့် သုတရသစာအုပ်ကောင်းများကို ရွေးချယ်ကာ စာဖတ်ဝိုင်း/  စာပေဆွေး‌နွေးပွဲများကို ကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် အဆိုပါ စာဖတ်ဝိုင်းသို့ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ၀န်ထမ်းများ၊စာပေ ချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း