ဇေယျာသီရိ ဖေဖော်ဝါရိ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး Talk Show ကို ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြစန်းရီနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က လူကုန်ကူးမှုဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးမှုတွင် အသုံးပြုသည့် နည်းလမ်းများ၊ လူကုန်ကူးမှု ခံရနိုင်ခြေ အများဆုံးဖြစ်စေသည့်သူများနှင့် လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် နည်းလမ်းများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။
အေးလင်းထွန်း