ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

ဇေယျာသီရိ   ဖေဖော်ဝါရိ ၁၈

ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့်မားလာခြင်းကြောင့် နေပြည်တော်၊  ဇေယျာသီရိမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ များစုပေါင်း၍  Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာ ဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                 

Mask Campaign ပြုလုပ်မှုတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးစိုးမိုးဦး ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် ဇေယျာသီရိ မြို့နယ်မှတပ်ဖွဲ့ဝင်များက ဈေးအတွင်းနှင့် လမ်းမပေါ် သွားလာနေသည့် ပြည်သူများကို နှာခေါင်းစည်း (Mask) ၂၀၀၀ ခုနှင့် Hand Gel ဗူးသေး ၁၅၀ ဗူး  ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအသိပညာပေး တေးသီချင်းများ ကျေးရွာအတွင်း လှည့်လည်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်