ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၈
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်း ယနေ့နံနက် (၉)နာရီက ချမ်းမြ သာစည်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးရဲမင်းထွန်းမှ နိုင်ငံသားစိစစ်ရေး ကတ်ရရှိသည့် ပြည်သူများသို့ နိုင်ငံသားစိစစ်ရေး ပေးအပ်ခဲ့ပြီးနောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသည့် ပြည်သူများအားနိုင်ငံသား စိစစ်ရေးကတ်ပြားများ အဆင်ပြေချောမွေ့စွာရရှိရေးအတွက် ဒုလ၀ကမှူးဒေါ်မြင့်မြင့်ခိုင်နှင့် ၀န်ထမ်းများက ထပ်မံ၍ ကွင်းဆင်း ဆောင်ရွက်ပေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ချမ်းမြသာစည်မြို့နယ်၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ၊ အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများအား သက်ဆိုင်ရာအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်စိမ်း၀င်း
မြို့နယ်(ပြန်/ဆက်)