ဇေယျာသီရိ ဖေဖော်ဝါရီ ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ဝန်ထမ်းများ စာဖတ်သည့်အလေ့အကျင့် များရရှိစေရန်နှင့် စာဖတ်စွမ်း ရည်မြင့်မား တိုးတက်လာစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ပြည်သူ့စာကြည့်တိုက်အတွင်း၌ “စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲ စာစောင်” ပါ အကြောင်းအရာများကို စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးကြသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က စာဖတ်ဝိုင်းပြုလုပ် ရခြင်းနှင့် စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်ကြသည့်ဝန်ထမ်းများက “စာကြည့် တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင်”တွင် ပါဝင်သည့် စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း၊ စားငှားစနစ် စသည့်ခေါင်းစဉ်များကို အလှည့်ကျဖတ်ကြပြီး မိမိတို့၏ အမြင်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)