ကွန်ဟိန်း ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covid Shield)ပထမအကြိမ် ထိုးနှံခြင်းအား ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်မှ စတင်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား စနစ်တကျ ထိုးနှံပေးခဲ့သည်။
ယနေ့တွင် ထိုးနှံပေးသည့် (Covid Shield) ကာကွယ်ဆေးသည် ကွန်ဟိန်းမြို့နယ်တွင် တတိယအကြိမ် ထိုးနှံပေးခြင်း ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများမှ လိုအပ်သည်များ ကို ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်(ကွန်ဟိန်း)