ရှင်ဗွေယန် ဖေဖော်ဝါရီ ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးခရိုင်၊ ရှင်ဗွေယန်မြို့တွင် ယနေ့ နံနက် ၇ နာရီက ဌာနဆိုင်ရာ တာဝန်ရှိ သူများစုပေါင်း၍ မြို့စည်ပင်သာယာစျေးရှေ့တွင် Mask Campaign ပြုလုပ်ခဲ့သည်။
အဆိုပါ Mask Campaign အား မြို့ပေါ်နေပြည်သူအများ ကိုဗစ်-၁၉ ရောဂါမျိုးစိတ်ကွဲ အိုမီခရွန် ကို ထိထိရောက်ရောက် ကြိုတင်ကာကွယ်နိုင် ရေးအတွက် စျေးရောင်း/ဈေးဝယ်များနှင့် လမ်းသွား/လမ်းလာများအား ဌာနဆိုင်ရာ တာဝန်ရှိသူများစုပေါင်း၍ Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲအိုမီခရွန် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း Mask များ မဖြစ်မနေ တပ်ဆင် ကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ရှင်ဗွေယန်(ပြန်/ဆက်)