ရေး ဖေဖော်ဝါရီ ၁၈
မွန်ပြည်နယ် ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Does (တတိယအကြိမ်) ကို ယနေ့ နံနက် ၉ နာရီက ရေးမြို့ပြည်သူ့ဆေးရုံကြီး၌ စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါ ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များမှကြီးကြပ်၍ ကျန်မာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများက ဌာနဆိုင်ရာ ဝန်ထမ်းများအား သတ်မှတ်ထားသောအချိန်အလိုက် စနစ်တကျ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
၎င်းကာကွယ်ဆေးကို ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ၆ လ ပြည့်ပြီးသည့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၅၁၀)ဦး အပါအဝင် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၁၀၃၀ ဦးအား ပထမအကြိမ် ထိုးနှံပေးနိုင်ခဲ့ ကြောင်းသိရသည်။
ခင်သိမ့်သိမ့်ရည်၊ (ပြန်/ဆက်)