တနိုင်း ဖေဖော်ဝါရီ ၁၈
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီမှစ၍ အများနဲ့ထိတွေ့မှုများသည့် ဈေးသည် များအား နှာခေါင်း တို့ဖတ်(RDT Test Kit)ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး အခမဲ့ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် တနိုင်းမြို့ပေါ်ရှိ အများပြည်သူနဲ့ ထိတွေ့မှုများသည့် ဈေးသည်များ၊ စည်ပင်သာယာဈေးပတ်ဝန်းကျင်မှ ဈေးသည်များ၊ နှာခေါင်းစည်းမတပ်ဘဲ သွားလာနေသည့် ပြည်သူ(၁၂၈)ဦးတို့အား နှာခေါင်းတို့ဖတ် (RDT Test Kit)ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး ဆောင်ရွက်ခဲ့ရာ ၎င်းတို့တွင် (၆) ဦးရောဂါပိုးတွေ့ရှိကြောင်း သိရှိရသည်။
ကျန်းမာရေး စစ်ဆေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အတွင်းရေးမှူး ရဲမှူးဝင်းနိုင်၊ အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်၊ ဦးဇော်လွမ်းတူး၊ မြို့နယ် စက်မှုလယ်ယာဦးစီးမှူး ဦးထွန်းအောင်ကျော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦး၊ ဌာနဆိုင်ရာ အကြီးအကဲအများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းတို့ဖတ်(RDT Test Kit) စစ်ခြင်းနှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
ဝါဝါ(တနိုင်း)