လဲချားတွင် အသက်(၁)ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

လဲချား  ဖေဖော်ဝါရီ   ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက်(၁၀) နာရီအချိန်တွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ဆေးလာရောက် ထိုးနှံသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေပြီး အသက် (၁)နစ်ခွဲအောက် ကလေးများကို ဘီစီဂျီ၊အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပနဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ်များ အား ကိုဗစ်-၁၉ရောဂါ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)