မတ္တရာ သြဂုတ် ၂၈
အသက် (၆) လမှ (၅) နှစ်အထိ ကလေးငယ်များနှင့် ကျောင်းနေအရွယ်ကလေးများအား ကျန်းမာပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားစေရေး၊ အမြင်အာရုံကောင်းမွန်စေရေးအတွက် ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးများတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မတ္တရာမြို့ အမှတ် (၂) ရပ်ကွက်ရှိ ရွှေဝါဝင်းခန်းမနှင့် ရန်ကင်းဓမ္မာရုံတို့တွင် ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆေးများတိုက်ကျွေးရာတွင် ရန်ကင်းရပ်၊ ဗိုလ်တေဇရပ်၊ ဒင်္ဂါးရပ်၊ ဘုရင့်နောင်ရပ်နှင့် ကံသာ ရပ် ကွက်တို့ရှိ အသက် (၆) လမှ (၅) နှစ်အရွယ်အထိကလေးများအား ဗီတာမင်အေဆေးလုံး၊ အသက်(၂)နှစ်မှ(၁၄)နှစ်အထိ ကျောင်းနေအရွယ်ကလေးများကို ဗီတာမင်အေနှင့်သံချဆေးများအား အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်မှ ဆေးများတိုက်ကျွေးပေးခဲ့ပြီး အမျိုး သမီးရေးရာနှင့် မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့များမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ဆေးများတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်ရှိကလေးများအားလုံးကို ဗီတာမင်အေဆေး လုံးနှင့် သံချဆေးများ တိုက်ကျွေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)