ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ရန်ကုန်  ဖေ​ဖော်ဝါရီ  ၁၈

ရန်ကုန်တိုင်းဒေသကြီး စာကြည့့်တိုက်များ ကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂)ကိုယမန်နေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန် မြို့၊​ ကျောက်တံတားမြို့နယ်ရှိ တိုင်း​ဒေသကြီး ဥပ​ဒေချုပ်ရုံး၌ ကျန်မာ​ရေးဝန်ကြီးဌာနက ချမှတ်ထား​သော ကိုဗစ်-၁၉​ရောဂါ ကာကွယ်ရေး၊ စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်ကြီးကြပ်​ရေး​ကော်မတီဥက္ကဋ္ဌ တိုင်း​ဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်၊ရန်ကုန်တိုင်း ဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထို့နောက် ရန်ကုန်တိုင်း​ဒေသကြီး၊ စာကြည့်တိုက်ကြီးကြပ်​ရေး​ ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်မှ အဖွင့်အမှာ စကားပြောကြားရာတွင် စာကြည့်တိုက်များကို အနှစ်သာရနှင့်အသွင်သဏ္ဍန်များပြည့်စုံ​ကောင်မွန်​အောင်ကြိုးစား​ဆောင်ရွက်သွားကြရမည်ဖြစ်​ကြောင်း၊ လက်ရှိကာလအတွင်း စာကြည့်တိုက်များရှင်သန်လာ​စေရန်စာကြည့်တိုက်လုပ်ငန်း များ​ အောင်မြင်စွာ​ ဆောင်ရွက်ကြဖို့လို​ကြောင်း၊ မြို့နယ်များမှကျန်ရှိ​နေ​သောစာကြည့်တိုက်များ ကိုလည်း ပြန်လည်ဖွဲ့စည်း​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ စာကြည့်တိုက်များသည် လူမှု အသိုက်အဝန်း၏ လိုအပ်ချက်များနှင့် ကိုက်ညီသောဝန်ဆောင်မှုများပေးရန်၊ ပြည်သူများ လွတ်လပ်လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ စာကြည့်တိုက်များကို ပြည်သူလူထုလက်လှမ်း မီစွာအသုံးချနိုင်ရန်နှင့် တန်ဖိုးထား ချစ်မြတ်နိုး တတ် စေရန်၊ တိုင်းဒေသကြီးစာကြည့်တိုက်များ၊ မြို့နယ်စာကြည့်တိုက်များ၊ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ၊ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် များပေါ်ပေါက်လာစေရန်နှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုစေရန်၊ စာကြည့်တိုက်များမှ လူထုအခြေပြုဗဟိုဌာနများ အဖြစ် ပြောင်းလဲဆောင်ရွက်လာစေရန်တို့ကို ပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဒုတိယတိုင်း ဦးစီးမှူး​ဒေါ်ရီရီလွင်က ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက် အရေအတွက်၊ ရှင်သန် စာကြည့်တိုက်များနှင့် စပ်လျဉ်း၍ စာအုပ်စာ​စောင်များ​ ထောက်ပံ့နိုင်​ရေးနှင့် စာကြည့့်တိုက်ကြီးကြပ်မှု​ကော်မတီပြန်လည်ဖွဲ့စည်းနိုင်​ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ စာကြည့်တိုက်များအတွက် ဘဏ္ဍာ​ရေးအ​ခြေအ​နေများနှင့်စပ်လျဉ်း၍ လည်း ကောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးကော်မတီမှ အဖွဲ့ဝင်များက စာကြည့်တိုက်များ​ရေရှည်ဖွံ့ဖြိုး​တိုးတက်​ရေး​ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များစပ်လျဉ်း၍ ပြောကြားခဲ့ပြီး အခမ်း အနားတက်ရောက် လာကြ​သောရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင် ဦးစီးမှူးများက၊ ကဏ္ဍအလိုက် ဆွေးတင်ပြကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့့်တိုက်ကြီးကြပ်​ရေး​ကော်မတီ ဥက္ကဋ္ဌ တိုင်း​ဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်မှ ဆွေနွေးတင်ပြ ချက်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။

​အောင်မြင့်(ပြန်/ဆက်)