ရန်ကုန် ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ လိုအပ်သည်များကို ကူညီနိုင်စေရန် ရည်ရွယ်၍ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ ကြီးကြပ် မှုဖြင့် မြို့နယ်စည်ပင် သာယာရေးဌာန ပတ်ဝန်းကျင်သန့်ရှင်း၊ ရေစီး ရေလာ၊ လမ်း/တံတား၊ ပန်းဥယျာဉ်နှင့် မြို့နယ်ရုံးဌာနများမှ ဝန်ထမ်းများက သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအဖြစ် မြို့သစ်(က+ခ)ရပ်ကွက်၊ ကြို့ကုန်းအရှေ့ ရပ်ကွက်များတွင် အထုပ်ကောက် အမှိုက်သိမ်းခြင်း၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ကမ်းနားအလယ် ရပ်ကွက်၊ တောင်သူကုန်းရပ်ကွက်များတွင် ခေါင်းလောင်းတီး အမှိုက်သိမ်းခြင်း၊ အင်းစိန်လမ်းတွင် စုဖွဲ့အင်အားဖြင့် ရွက်ကြွေများ ရှင်းလင်းခြင်း၊ ပြည်လမ်းတွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ချမ်းမြေ့ဝန်ထမ်းအိမ်ရာ ဆေးပေးခန်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကသွယ်ချောင်းချဲ့ထွင်ခြင်း၊ ပေါက်တောချောင်း ချဲ့ထွင်ခြင်း၊ ပေါက်တော ချောင်း ရေစုကန်ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး ရရှိလာသော အမှိုက်များကို ထိန်ပင် အမှိုက်ကုန်းသို့ အမှိုက်သယ်ကားဖြင့် စနစ်တကျ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)