ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

နမ့်ဆန် ဖေဖော်ဝါရီ ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွား လာစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ နမ့်ဆန်မြို့နယ် Community Centre ခန်းမ၌စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီ က ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် နမ့်ဆန်ဒေသအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက စာဖတ် ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာရေးဆရာ ကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစုသားရွှေဥ စာအုပ်ပါအကြောင်းအရာများ အနက် အပိုင်း(၁) နိဒါန်းပိုင်း၊ အပိုင်း(၂) ကိုယ်ရေးဘဏ်စာရင်း၊ တာဝန်ယူစိတ်၊ ပစ်ကွင်းကိုချိန်ပစ်၊ အရေးကြီးတာအရင်လုပ် ဆောင်းပါးကို ဒေါ်ခင်သီတာထွေး (Book Club ခေါင်းဆောင်) က လည်းကောင်း၊ အပိုင်း(၃) ဆက်ဆံရေးဘဏ်စာရင်း ဆောင်းပါးကို ဒေါ်တင်တင်ဌေး ( Book Club အဖွဲ့ဝင်)က လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများနှင့်လည်း သိရှိလိုသည်များ အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)